ဟိုပန်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်
May 23,2022
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ် ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဘယလာဘကမ္ဘာ့ငြိမ်းချမ်းရေး ဗျာဒိတ်တော်ပေးဘုရား(၄)ဆူအနီး တောင်ကုန်းတွင် ပြုလုပ်ခဲ့သည်။