သတင်းများ

မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်ပင်ပေါင်း (၂) သိန်းကျော် စိုက်ပျိုးပြီးဖြစ်
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွင်း သစ်ပင်ပေါင်း (၂) သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်ထံမှ သိရသည်။
ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာဆရာတော် ဘဒ္ဒန္တဝဏ္ဏိတဆရာတော်အရှင်သူမြတ်၏ ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ
May 23,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော “သဒ္ဒမ္မဇောတိကဓဇ” ဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တဝဏ္ဏိတ ဆရာတော်အရှင်သူမြတ်၏ ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီက ငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာ ဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 23,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့်သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကိုရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆံပင်၊ မိတ်ကပ် အလှပြုပြင်နည်း သင်တန်းဖွင့်
May 23,2022
စစ်ကိုင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆံပင်၊ မိတ်ကပ် အလှပြုပြင်နည်း သင်တန်းဖွင့်ပွဲကို မေ(၂၃)ရက်၊ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကော့သောင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်နိုင်ရန် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ်အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်၌ပထမကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ အမျိုးသမီးမငယ်(၇၉)ဦးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်၌ ရှင်အပါး ၁၅၀ ရှင်ပြုအလှူမင်္ဂလာပွဲကျင်းပ
May 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နားပေါ်အုပ်စု၊ ဝမ်ကောင်းကျေးရွာ၊ နားပေါ် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တကေသဝ(သဒ္ဓမ္မဇောတိကဓဇ)  ဦးဆောင်၍ အလှူရှင်များမှ လှူဒါန်းမှုပြုသော ဗုဒ္ဓဘာသာ အဆုံးအမခံယူပွဲနှင့် ရှင်အပါး ၁၅၀ ရှင်ပြု အလှူမင်္ဂလာပွဲ အခမ်းအနားကို ယမန်နေ့က ဝမ်ကောင်းကျေးရွာ၊ နားပေါ်ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း၌ ကျင်းပသည်။
ကျွန်းလှမြို့နယ်၌ မိုးနေကြာမျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် (၄၁) ဧက စိုက်ပျိုး
May 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရန်၊ တောင်သူများ ဝင်ငွေတိုးတက်ပြီး မျိုးကောင်းမျိုးသန့်များ ရရှိစေရန်အတွက် မိုးနေကြာ မျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် (၄၁)ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ဆောင်ရွက်
May 23,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မြေပြင်၌ အမှန်တကယ် ရှင်သန်လျက်ရှိသော ကျေးရွာစာကြည်တိုက်များအား စာဖတ်သူ၊ စာငှားသူတိုးပွားရေးနှင့် စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးနှင့် ဝန်ထမ်းများက ယမန်နေ့နေ့လည်ပိုင်းက မယ်ကရိုကျေးရွာရှိ (မြတ်စွယ်တော်) စာကြည့်တိုက်သို့ ဆောင်ရွက်ခဲ့ကြသည်။