ကျိုက်ဒုံ မေ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့သည် ကွမ်းသီးပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီးယခုနှစ်တွင် ကွမ်းသီးစိမ်းအနုများ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံ ပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူများ ဝင်ငွေတိုးပွားနေကြကြောင်း သိရသည်။
ယမန်နှစ်က ကျိုက်ဒုံမြို့ပေါ်၌ ကွမ်းသီးအစိမ်းအနု တစ်လုံးလျှင် ငွေ(၂၀)ကျပ်၊ အလုံးတစ်ရာလျှင် ငွေ(၂၀၀၀)ကျပ်၊ကွမ်းသီးအမှည့် တစ်လုံးလျှင်ငွေ(၂၅)ကျပ်၊အလုံးတစ်ရာလျှင်ငွေ(၂၅၀၀)ကျပ် အထိ ရရှိပြီး ခြံပိုင်ရှင်များနှင့်ကွမ်းသီးလုပ်ကိုင်နေသူများ ဝင်ငွေနည်းပါးခဲ့သည်။
ယခုနှစ် မိုးဦးရာသီ၌ ကွမ်းသီးအစိမ်းအနုများမှာ ဝယ်လိုအားကျဆင်းမှုမရှိဘဲ စျေးကောင်းရရှိနေကြပြီး ကွမ်းသီးစိမ်းအနုတစ်လုံးလျှင် ငွေ(၆၀)ကျပ်၊ အလုံးတစ်ရာလျှင်ငွေ(၆၀၀၀)ကျပ်အထိ စျေးကောင်းရရှိနေသောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစု အပိုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်