ဟိုပန် မေ ၂၃
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဘယလာဘကမ္ဘာ့ငြိမ်းချမ်းရေး ဗျာဒိတ်တော်ပေးဘုရား(၄)ဆူအနီး တောင်ကုန်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်သူများထံ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူများက ကျွန်း(၅၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်၊ ရေသင်းဝင် (၃၀)ပင်၊ သစ်လှ(၅၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ ထင်ရှူး(၂၀)ပင်၊ စုစုပေါင်း (၃၅၀)ပင်ကို စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)