လင်းခေးတွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပြည်သူများအား ပင်စင်လစာ လစဉ်ပုံမှန်ထုတ်ပေး

လင်းခေး မေ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ ယနေ့ နံနက် ၉နာရီခွဲမှ စတင်၍ မြို့နယ်အတွင်း ရှိနိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပြည်သူများအား ပင်စင်လစာ ပုံမှန်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ထုတ်ပေးရာတွင် ပုံမှန် (၂၁)ရက် (အစိုးရရုံးပိတ်ရက်များမှအပ) လကုန်ရက်အထိ မြို့နယ် ဘဏ်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြို့နယ်အတွင်းရှိ အဆိုပါ လခစားပြည်သူစုစုပေါင်း(၃၀၀)ဦးကျော်ရှိသည့်အနက် ပင်စင်လစာထုတ်ပေးရက်နေ့ရောက်တိုင်း အလာရောက်ထုတ်ယူသူဦးရေ (၁၀၀)ဦးခန့် ရှိပါကြောင်းနှင့်  ထိုသို့ ဆောင်ရွက်ပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီအဆင်ပြေချောမွေ့စွာဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပြည်သူများအပြင် မြို့နယ်အတွင်းရှိ ဘဏ်ငွေသွင်း/ ငွေထုတ် လိုအပ်လျက်ရှိသည့် ပြည်သူများအားလည်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အေးချမ်းစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)