ဖား​ဆောင်းမြို့နယ်၌ ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

ဖား​ဆောင်း မေ ၂၃

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းခွဲတို့ ပူး​ပေါင်း၍ ကျင်းပပြုလုပ်သည့် ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယ​နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနု​အောင်က ​ပြောကြားရာတွင် သင်တန်း၌သင်ပြထားသည့် သင်ခန်းစာများအား မှတ်သားထားသင့်ပါ​ကြောင်း၊ မိမိ​ရှေ့တွင် ဒုက္ခ​ရောက်​​နေသူအား လူသားချင်းစာနာထောက်ထားပြီး ကူညီရိုင်းပင်းတတ်​စေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်၍ သင်တန်းတက်​ရောက်လာသူများအ​နေဖြင့် ​ရှေးဦးပြုစုခြင်း နည်းလမ်းများဖြင့် ကူညီ​ဆောင်ရွက်​ပေးနိုင်ပြီဖြစ်​ကြောင်း၊​ ရှေးဦးပြုစုခြင်းနည်းလမ်းများဖြင့် လက်​တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချ​စေလို​ကြောင်း ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦး​အောင်မျိုးသွင်က သင်တန်းသား၊ သင်တန်းသူများအ​နေဖြင့် အ​ရေးကြုံလာပါက မှန်ကန်သည့်နည်းလမ်းများ၊ နည်းစနစ်များနှင့် လက်​တွေ့အသုံးချသွားရန် ​ပြောကြားခဲ့သည်။

ထို့​​နောက် သင်တန်းသား၊ သင်တန်းသူများကို ရှေးဦးပြုစုနည်း(အ​ခြေခံ)လက်စွဲစာအုပ်အား တာဝန်ရှိသူများက ​ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြဆရာအား လက်​ဆောင်ပစ္စည်း ဂုဏ်ပြုပေးအပ်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)