မန္တလေးမြို့နယ်တွင် မျောက်ကျောက်ရောဂါ သတိပြုစရာလက္ခဏာများအကြောင်း နံရံကပ်စာစောင်ပြုလုပ်ပြသ

မန္တလေး မေ ၂၇

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မျောက်ကျောက်ရောဂါ သတိပြုစရာ လက္ခဏာများအကြောင်းကို နံရံကပ် စာစောင်ပြုလုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသခဲ့ကြောင်းသိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မျောက်ကျောက်ရောဂါ သတိပြုစရာလက္ခဏာများဖြစ်သည့် ဖျားပြီး(၁)ရက်မှ(၃)ရက်အတွင်း အရေပြားပေါ်တွင်အဖုများစတင်ပေါ်ပေါက်လာခြင်း၊ အနီကွက်အဖုများ မျက်နှာနှင့်ခြေလက်တွင် ပိုပေါက်လာခြင်း၊ အနာများပွားများလာခြင်း၊ အနာများပေါင်းစပ်ပြီး အရေပြားများ ကွာကျလာခြင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် အကာအကွယ်မရှိ ထိတွေ့ခြင်းမှရှောင်ကြဉ်ခြင်း၊ ဖျားနာပြီးသေဆုံးသည့် တိရစ္တာန်များ၏ အသွေးအသားများအား ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အသားများအား မကျက်တကျက်စားသောက်ခြင်းမှ ရှောင်ကြဉ် ခြင်း၊ ပထမဆုံး(၅)ရက်အတွင်း ဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ပြန်ရည်အိတ်များ ရောင်ရမ်းခြင်း၊ ခါးနာခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ အားနည်းခြင်းစသည့် လက္ခဏာများ၊ မျောက်ကျောက်ရောဂါ စတင်တွေ့ရှိမှုစသည့်အချက်များကို ပြသထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)