ဆင်ပေါင်ဝဲမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဆင်ပေါင်ဝဲ မေ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မိုးကြိုကာလသစ်ပင်စိုက်ပျိုး ပွဲတော်ကိုမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး ၍ ယနေ့နံနက်(၉)နာရီအချိန်က ဆင်ပေါင်ဝဲ မြို့နယ်၊ ကိုးပင်ကျေးရွာ၊ မဟာဗောဓိကုန်း‌‌တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူး ဦးသက်ဝေအောင်တို့မှ ပျိုးပင်များပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှလက်ခံရယူ ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်း‌ဇော်ဦး၊ အတွင်းရေးမှူး ရဲမှူးမြင့်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်မတော်သားများ၊ဒေသခံပြည်သူများက သဘာပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်နှင့် ရာသီဥတုကောင်းမွန်မျှတစေရန်ရည်ရွယ်၍ လျှော်ဖြူ(၂၀၀)ပင်၊ယင်းမာပင် (၂၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀) ပင်၊စုစုပေါင်းပျိုးပင်(၅၀၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

နိုင်လင်း(ပြန်/ဆက်)