လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းထိုးနှံ

လှည်းကူး  မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈) နှစ်နှင့်အထက်ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန် ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းကသာယာကုန်းကျေးရွာအုပ်စုတွင် တာဝန်ရှိသူများကကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများအားကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးသည်။

ထို့နောက်ကျန်းမာရေးဝန်ထမ်းများက အသက်(၁၅)နှစ်မှ (၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)