လိပ်သိုမြို့တွင် “ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့” မြေစိုက်ပိုစတာစိုက်ထူ

လိပ်သို မေ ၂၈

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြိုအခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျောင်းသား/ကျောင်းသူများနှင့် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်ရည်ရွယ်၍ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာတွင် ကျောင်းနေအရွယ်ကလေးများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့်ဒေသတွင်းနိုင်ငံများ၊ ကာကွယ် ဆေးထိုးနံပေးခြင်း မပြုရမည့်ကျောင်းသားကျောင်းသူများ၊ ကျွမ်းကျင်သည့်သမားတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ၄င်းတို့၏အကြံပြုချက်အရ ကာကွယ်ဆေးထိုးနှံပေးရမည့်ကျောင်းသားကျောင်းသူများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး၏ နောက်ဆက်တွဲပြဿနာများ စသည့်အကြောင်းအရာများပါရှိပြီး ကျောင်းအပ်နှံရန်ရောက်ရှိလာသောမိဘနှင့်ကျောင်းသား/သူများအား ကျောင်းနေအရွယ် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့ လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။

စောဝေါ်ကွောထူး(ရုပ်/သံ-၃)