လိပ်သိုမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေး
Jun 10,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနသည် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပစေရန်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအနေဖြင့် သစ်ပင်ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ လိပ်သိုမြို့ မီးခတ်ချောင်း ယာယီပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသော ပျဉ်းကတိုး (၇၀၀၀)၊ ကျွန်း (၇၀၀၀)၊ မန်ဂျာရှား (၁၅၀၀၀)၊ မဟော်ဂနီ (၃၀၀၀) စသည့်ပျိုးပင်ပေါင်း (၃၂၀၀၀) အား ယမန်နေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။