သတင်းများ

ပုဇွန်တောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) အချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိဘအသိပညာ​ပေးအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ Talk Show ပြုလုပ်
Jun 09,2022
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူး​ပေါင်းကာ မိဘအသိပညာပေး Talk Show ကို ယမန်​နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ မြို့မစာကြည့်တိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနား ကျင်းပ
Jun 09,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြို့မစာကြည့်တိုက် အုတ်မြစ်ချ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကြက်ဈေးရပ်ကွက်၊ ထုက္ကံသိမ် ပုထိုးတော်ကြီးအနီးတွင် အုတ်မြစ်ချမင်္ဂလာ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ ဝမ်လုံး ကိုဗစ်(စင်တာ)မှထိုင်းနိုင်ငံ နေရပ်ပြန်အလုပ်သမား (၂၀၂)ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်
Jun 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှနေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား(၁၁၈)ဦး၊ အမျိုးသမီး(၈၄)ဦး၊ စုစုပေါင်း(၂၀၂)ဦးကို ယနေ့နေ့လည် ၁၂ နာရီအချိန်၌ မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ရွှေပြည်သာမြို့နယ် (Community Center)ခန်းမ၌ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်
Jun 09,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်(Community Centre)ခန်းမ၌ ဇွန် ၂၆ ရက်နေ့တွင်ကြရောက်မည့်
လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ဇွန် ၉ ရက်က အမှတ် ၁၇ ရပ်ကွက်၊ အ.လ.က. ၇ ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုံရွာတက္ကသိုလ်၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 09,2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်းပြီး  စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရွယ်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ
မိုးကုတ်မြို့၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေး
Jun 09,2022
မိုးကုတ်မြို့၊ ကျပ်ပြင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သော ပတ္တမြားကျောင်းတိုက်၊ ဓမ္မနန္ဒကျောင်းတိုက်၊လယ်တီဝံသကျောင်းတိုက်များမှ အသက်(၅)နှစ်မှ(၁၂)နှစ်၊ အသက်(၁၂)နှစ်မှ(၁၅)နှစ်၊ အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ရှင်သာမဏေ၊ ကျောင်းသား၊ကျောင်းသူ(၁၆၀)ဦးအား ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် ကျောင်းတိုက်အသီးသီးတွင် ယမန်နေ့နံနက် ၉:၃၀ နာရီမှ နေ့လယ် ၁ နာရီအတွင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။