ဒိုက်ဦးမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

ဒိုက်ဦး ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့​ပေါ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြမည့် အသက် ၁၂ နှစ်အထက်ကျောင်းသား၊ ကျောင်းသူ(၆၉၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm ကို ဇွန်လ ၁၀ ရက်နေ့က စုရပ်ဖြစ်သော အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒိုက်ဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းအောင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ဝိုင်းဝန်းကူညီထိုးနှံပေးကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)