ကြံခင်းမြို့နယ်  Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးTalk Showကျင်းပ

ကြံခင်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   Community Centre ခန်းမတွင်  ယမန်နေ့နေ့လည်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Showကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးTalk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဆွေးနွေးပါသည်။

ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မွန်ဇာဝင်းမှ ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဥပဒေနှင့် ပြစ်မှု၊ ပြစ်ဒဏ်များစတဲ့အချက်များအား အသိပညာပေးဆွေနွေးပါသည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ Page များတွင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် လစဉ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲ၊  ဆွေးနွေးပွဲများစသည့် အခြားအသိပညာဗဟုသုတရဖွယ်များအား ရိုက်ကူးလွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)