သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 12,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေး ရောဂါတွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာ၌ မြစိမ်းရောင်(အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး ကျပ်(၂၁၀)သိန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  နိုင်ငံတော်မှထောက်ပံ့သည့် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာ ထူထောင်ရန်အတွက် တတိယအကြိမ် ရန်ပုံငွေ ကျပ်(၂၁၀)သိန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲက မိုင်းဖြတ်ကျေးရွာအုပ်စု (ဟိုနား)ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် မိုးကြိုးဘေးသင့် မိသားစုအား ထောက်ပံ့ငွေပေးအပ်
Jun 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးကြိုးဘေးသင့်၍ သေဆုံးသော ဝမ်လုံးကျေးရွာအုပ်စု၊ မကာကျေးရွာနေ(ဘ) ဦးအိုက်ရှဲန်မွန်း၏သား အိုက်ယောရှဲန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကိုယမန်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲတက်ရောက်
Jun 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
နမ့်စန်မြို့နယ် အမှတ်(၉)ကျေးရွာတွင် ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမဖွင့်ပွဲကျင်းပ
Jun 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၉) ကျေးရွာတွင် ကျေးရွာပိုင် ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၅)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ကိုနှင့် ကျေးရွာတာဝန်ခံများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား/သမီးများ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား၊သမီးများ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာန ရုံးCommunity Centre ခန်းမတွင် ကွန်ပျူတာ သင်တန်းဖွင့်ပွဲပြုလုပ်
Jun 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်၊ မိုဘိုင်းဖုန်းအရောင်းဆိုင်များအား မြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့(ပူးပေါင်းအဖွဲ့) ဖြင့် စစ်ဆေးဆောင်ရွက်
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ် အရောင်းဆိုင်၊ မိုဘိုင်းဖုန်းအရောင်းဆိုင်များအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ (ပူးပေါင်းအဖွဲ့) ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။