ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး မြေစိုက်ပြဘုတ်များစိုက်ထူ
Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး မြေစိုက်ပြဘုတ်ကို ယနေ့နံနက်ပိုင်း က လူသွားလူလာများရာ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ပြည်သူ့ဆေးရုံရှေ့၌ စုပေါင်း စိုက်ထူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဥက္ကာသန်း၊ ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာညီဆွေနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။