ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ်   ဇွန်   ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇင်မိုးအေးက  ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ ကျန်းမာရေးဌာနမှ အထက်တန်း သူနာပြုဒေါ်နန်းညိုညိုသင်းက သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရန်နည်းလမ်းများ၊ ကလေးများနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကာ ကွယ်ရေးခြင်ကျားလောက်လန်းများနှိမ်နင်းပေး၊ ကျန်းမာရေးဌာနမှ ဒေသနေပြည်သူများနှင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုအခြေအနေများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)