မတ္တရာမြို့နယ် စကျင်တောင်အနီးတွင် စက်လှေတိမ်းမှောက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

မတ္တရာ   ဇွန် ၂၄

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာအုပ်စု၊ မြွေဟင်္သာကျေးရွာရှိ မရင်းအင်းချောင်းအတွင်းတွင် ယနေ့နံနက်ပိုင်းက စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာမြွေဟင်္သာကျေးရွာမှ အမျိုးသား (၅)ဦး လိုက်ပါလာသော စက်လှေသည် မရင်းအင်းချောင်းအတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ စက်လှေနစ်မြုပ်ရာသို့ မတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနမှ   ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ MADAYA RESCUE  အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (မတ္တရာမြို့နယ်ရုံး)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊   မန္တလေးတိုင်းဒေသကြီးကော်မတီရုံး(Mandalay Rescue Diver Team)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ RESCUE (စဉ့်ကူးမြို့နယ်)နှင့် ဒေသခံပြည်သူများမှ ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ စက်လှေပေါ်ပါ (၄) ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ချောင်းရေအတွင်း နစ်မြုပ်ပျောက်ဆုံးနေသူတစ်ဦးအား မွန်းတည့် ၁၂ နာရီခန့်တွင် သေဆုံးလျက်တွေ့ရှိခဲ့သဖြင့် ရုပ်အလောင်းအား မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်