ရွှေပြည်သာမြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရွှေပြည်သာ   ဇွန်  ၂၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်()နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန် ၂ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်တွင် အမှတ်() အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်၊

ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ()ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ()ကျောင်း အခြေခံပညာမူလတန်းကျောင်း (၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၄)ကျောင်း စုစုပေါင်း (၈၄)ကျောင်းမှကျောင်းသား/သူများကို ရွှေပြည်သာမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲကာ အလှည့်ကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်၊

ကျောင်းသား/သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)