မအူပင် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ဇွန်လ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွေးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးဖြတ်ရန် သွားရောက်ကုသနိုင်သည့်နေရာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ/ ရောင်းချသူများကို အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ ထိန်းချုပ်ဆောင်ရွက်နေမှု အခြေအနေများ ဖမ်းဆီးရမိမှု အခြေအနေများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မအူပင်ခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်