မိုးမောက်မြို့၌ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှု

မိုးမောက် ဇွန် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဇော်မျိုးအောင် ဦးဆောင်၍ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် ဆောင်ရွက် ထားသော မံပုံကျေးရွာ တောင်သူ ဦးဆိုင်းဆန့်ထွန်း စိုက်ပျိုးထားသည့် ဖူးစားပြောင်း (၁ ဒသမ ၅) ဧကကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာစေရန်၊ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများ အတွက် အာဟာရ ဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ရန်၊ အစာရှားပါးချိန်တွင် အာဟာရ ပြည့်ဝသော အစားအစာဖြင့် ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ ဖူးစား ပြောင်းကို စိုက်ပျိုးထားကြောင်းနှင့် ဖူးစားပြောင်း စိုက်ပျိုးခြင်း၊ မွေးမြူရေးအစာပင်အကြောင်းများကို မိုးမောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာ ဇော်မျိုးအောင်က အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

လွန်းနန်းထွေး