လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ၌ ယနေ့နံနက် (၈)နာရီ အချိန်က လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် လားရှိုးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒေါက်တာဌေးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုကာ ချီတက်အလေးပြုခဲ့ ကြသည်။

လားရှိုးတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၇)သင်း၊ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအားဇွန်လ(၂၇)ရက်မှ ဇွန်လ(၂၉)ရက်နေ့ အထိကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး