ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေး

ဝါးခယ်မ ဇွန် ၂၇

ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ အ.ထ.က(ကျုံမငေး)ကျောင်းတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ယခုမိုးရာသီအချိန်အခါတွင် ဖျားနာခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်အပူချိန်တက်ခြင်း စသည်များ ဖြစ်ပွားလျက်ရှိရာ မိုးရာသီကာလတွင် အထူးဂရုစိုက်ကြရန်၊ အင်မတန်ဆိုးဝါးလှသည့် ခြင်များမှ သွေးလွန်တုပ်ကွေးရောဂါပိုးများကို သယ်ဆောင်လာသည့်အတွက် ခြင်ကိုက်ခြင်းမှ အထူးဂရုစိုက်ကြရန်၊ ခြင်ဆေးဖျန်းခြင်းများ၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေခြင်းများ၊ ခြင်များအလွယ်တကူ ပေါက်ပွားနိုင်သည့် နေရာများတွင် အဘိတ်ဆေးခတ်ခြင်းများ၊ ကျန်မာရေးနှင့်ညီညွတ်သော အစားအစာများကိုသာ စားသုံးရန်၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို ရှောင်ကျဉ်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)