မော်လမြိုင် ဇွန် ၂၇
မွန်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း ကြိုတင်သတိပေးချက်သုံး အရောင်သင်္ကေတများအား ပြည်သူများသိရှိစေရန် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ မုန်တိုင်းကြိုတင် သတိပေးချက်သုံး အရောင်သင်္ကေတ ဆိုင်းဘုတ်၌ ပင်လယ်ပြင်တွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားနေလျှင် အဝါရောင်အဆင့်၊ မြန်မာနိုင်ငံသို့ ချဉ်းကပ်လာလျှင် လိမ္မော်ရောင်အဆင့်၊ ၁၂နာရီအတွင်း ကမ်းရိုးတန်းသို့ ဖြတ်ကျော်လာလျှင် အနီရောင်အဆင့်၊ မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်ကျော်နေခြင်း/၀င်ရောက်တိုက်ခတ်လျှင် အညိုရောင်အဆင့်၊ မုန်တိုင်းအန္တရာယ် ပြီးဆုံးသွားလျှင် အစိမ်းရောင်အဆင့် စသည့် အရောင်အဆင့်များကို ပြည်သူများအနေဖြင့် သိရှိပြီး ကာကွယ်နိုင်စေရန်အတွက် စိုက်ထူပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)