သတင်းများ

ပျဉ်းမနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နယ်လှည့်အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပျဉ်းမနားမြို့၊ အမှတ်-၄ အခြေခံပညာမူလတန်းကျောင်း (ကျောက်တောင်)တွင် ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေး
Feb 08,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ်အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပ ကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့နံနက် (၉) နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ်  အကြိုဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းဆောင်ရွက်
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၄၂) အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီ အချိန်က ကျောင်းသား၊ ကျောင်းသူများကို (၇၆)နှစ်မြောက်ပြည်​ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောခြင်း၊ ပြည်​ထောင်စုနေ့အထိမ်းအမှတ် နံရံကပ် စာစောင် ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 08,2023
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီ အချိန်က အ.ထ.က(မြစ်သား)ကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပခဲ့သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 08,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ခွဲ) အမှတ်(၂၅)တို့ ပူးပေါင်းကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုကဗျာရွတ်ဆိုပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Feb 08,2023
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ခရိုင်နှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များသို့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် အဖွဲ့ဝင် များအတွက် မတည်ရင်းနှီးငွေများ၊ အဖွဲ့ဝင်ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များကို ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ရွှေဘိုတက္ကသိုလ်တွင် ကြက်​ခြေနီသင်တန်းဖွင့်ပွဲ ကျင်းပ
Feb 08,2023
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်၊​ ရွှေဘိုတက္ကသိုလ်နှင့် မြို့နယ်ကြက်​​ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသည့် ကြက်​ခြေနီသင်တန်းဖွင့်ပွဲကို ယမန်​​နေ့ မွန်းလွဲ(၁)နာရီချိန်က အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 08,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)သို့ သွားရောက်ငှားရမ်း ပေးကြသည်။