မြစ်သားမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ

မြစ်သား ဖေဖော်ဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီ အချိန်က အ.ထ.က(မြစ်သား)ကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်သီတာအောင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များ ပြောကြားရာမှာ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှု စွမ်းရည်ထက်မြက်စေရန်၊ လူငယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရှင်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို  ဦးဆောင်မည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍  ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အ.ထ.က(မြစ်သား)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာက   ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက်  လူငယ်စကားဝိုင်းကို  ဆက်လက်ကျင်းပရာ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် အ.ထ.က( မြစ်သား ) ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ စသည့် ခေါင်းစဉ်များဖြင့်  အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား ၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းသို့  မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀)ဦး တက်‌ရောက်ခဲ့ကြပြီး စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသော  ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ  ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဒေါ်သီတာအောင်(မြစ်သား)