ကလိန်အောင်မြို့နယ်တွင် ဒေသထွက် သီဟိုဠ်စေ့များ ဈေးကောင်းရရှိရန် မျှော်လင့်
Feb 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သီဟိုဠ်ခြံစိုက်ပျိုးခြင်းဖြင့်လည်း စီးပွားဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်သီဟိုဠ် ပင်များအဖူးအပွင့် ပွင့်ချိန်အပွင့်များ လှိုင်လှိုင်ပွင့်နေကြကာ အသီးသီးပြီး ရောင်းချရတဲ့အချိန်ဆိုရင် လွန်ခဲ့သည့်နှစ်များကဲ့သို့ ဈေးနှုန်းမကောင်းမှာကို စိုးရိမ်နေကြကြောင်းဒီနှစ်တော့ဈေးနှုန်း ကောင်းကောင်းရရှိရန် မျှေ ာ်လင့်လျက်ရှိသည်။