မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၈

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ခွဲ) အမှတ်(၂၅)တို့ ပူးပေါင်းကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုကဗျာရွတ်ဆိုပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းအထက(ခွဲ)-၂၅ ကျောင်း အထက်တန်းပြဆရာမ ဒေါ်တင့်တင့်ထွန်းကပြိုင်ပွဲဝင်စည်းကမ်းများကို ရှင်းလင်းဆွေးနွေးပါသည်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၅)ဦးပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။

ဒေါ်မြင့်မြင့်သန်း