ရွှေဘို ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်နှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသည့် ကြက်ခြေနီသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီချိန်က အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာတင်အေး၊ ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမျိုးမျိုး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းဖေတို့က အမှာစကားများ ပြောကြားခဲ့ပြီး ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးကကျေးဇူးတင်စကား ပြန်လည်ပြန်ကြားခဲ့သည်။
သင်တန်းကို (8.2.2023 မှ 11.2.2023) ရက်နေ့ထိ နည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်