သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ်  အကြိုဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းဆောင်ရွက်

သာကေတ ဖေ​ဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၄၂) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီ အချိန်က ကျောင်းသား၊ ကျောင်းသူများကို (၇၆)နှစ်မြောက်ပြည်​ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောခြင်း၊ ပြည်​ထောင်စုနေ့အထိမ်းအမှတ် နံရံကပ် စာစောင် ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူက ပြည်​​ထောင်စုနေ့ပေါ်ပေါက်လာပုံအကြောင်းအရာများကို ဟောပြောခြင်း၊ ကျောင်းသား၊ကျောင်းသူများအား စာအုပ်၊ စာပေများ ဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့်များကို ပြန်လည်မေးမြန်းခြင်း၊ ပြည်​ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကိုကြည့်ရှုစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မို့မို့သူ(ပြန်/ ဆက်)