ပျဉ်းမနား ဖေဖော်ဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပျဉ်းမနားမြို့၊ အမှတ်-၄ အခြေခံပညာမူလတန်းကျောင်း (ကျောက်တောင်)တွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် "နေ့ထူးနေမြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟော ပြောခဲ့သည်။
ထို့နောက် ပျဉ်းမနားမြို့နယ်ရုံး ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)