ပေါင်မြို့နယ်တွင် အသစ်ခန့် လ/ထ မူပြများလုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲ

ပေါင် ဖေဖော်ဝါရီ  ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသစ်ခန့် လ/ ထ မူပြများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်း  ဖွင့်ပွဲကို ယမန်နေ့  နံနက်ပိုင်းက အ.ထ.က ပေါင်ရွှေရတုခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာပေါင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ယခုသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျောင်းသား/ သူများ ပညာသင်ကြားရာတွင် အခက်အခဲမရှိ အောင်မြင်စွာ ပညာကိုလေ့လာဆည်ပူးကြစေရန် ယခုသင်တန်းကို စတင်ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း၊ သင်တန်းဆင်းပြီးလျှင် လိုအပ်သောနေရာများတွင် ဖြည့်ဆည်းတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို လ/ ထ မူပြဆရာ၊ ဆရာမ (၄၂) ဦးကိုသင်တန်းနည်းပြ (၈)ဦးတို့က ဖေဖော်ဝါရီ (၁၃)ရက်နေ့အထိ သင်တန်းကာလ (၆)ရက်ကြာ ဖွင့်လှစ်သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)