တောင်ငူ ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(တောင်ငူ)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး ကိုကိုနိုင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ ခေါင်းပုံဖြတ်မှုများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး အမှတ်(၁၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တောင်ငူ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး စန်းယုနိုင်က ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန်စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(တောင်ငူ)မှ တာဝန်ရှိသူများနှင့် အမှတ်(၁၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တောင်ငူ)မှ တာဝန်ရှိသူများက ဟောပြောပွဲသို့ တက်ရောက်လာသူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)