ညောင်ဦး ဖေဖော်ဝါရီ ၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနကဖွင့်လှစ်ထားရှိသည့်မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းဝင်း အတွင်းဖွင့်လှစ် ပြသထားသည့် နိုင်ငံတကာအဆင့်မီ ပလင်းကမ်းသာယာဆင်ပြတိုက်ဖွင့် လှစ်ပြသထားလျက်ရှိကြောင်း ပလင်းကမ်းသာယာဆင်းစခန်းတာဝန်ရှိသူများထံကသိရသည်။
ပလင်းကမ်းသာယာဆင်စခန်းတွင် ပြသထားလျက်ရှိသည့်ဆင်ပြတိုက် အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းအား (၂၈.၃.၂၀၁၈)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယခု အခါငါးနှစ်ပြည့်မြောက်ဖို့လပိုင်း လိုတော့ကြောင်းသိရပြီး၊ ပလင်းကမ်းသာယာဆင်ပြတိုက်ဖွင့်လှစ်ပြ သထားလျက်ရှိကြောင်း၊ ကမ္ဘာ့ဆင်ချစ်သူများ၊ မြန်မာ့ဆင်ချစ်သူများ ဆင်များနှင့်ပတ်သက်၍ သိရှိစေရန်ဆင်များ၏သဘာဝ၊ နေထိုင်မှု၊အလေ့ အထများကို ဆင်ချစ်သူများပိုမိုသိနားလည်လာပြီး ပြည်သူများအနေဖြင့် ဆင်များကို ပိုမိုချစ်ခင်တန်ဖိုးထားလာတတ်စေရန်၊ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ဆင်များကိုစနစ်တကျ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ကို ဆင်စခန်းများထားရှိဖွင့် လှစ်ထားခြင်းများအား လက်တွေ့ လေ့လာကြည့်ရှုခြင်းဖြင့် သိမြင်နိုင်ကာ ဆင်ဦးစီးနှင့်ဆင်တို့၏ ကောင်းမွန်သည့် ရင်းနှီးသည့် ဆက်သွယ်မှု၊ဆက်နွယ်မှုကိုသိရှိနိုင်ပြီး မြန်မာ့သဘာဝသစ်တောများတွင် တောဆင်များကိုထိန်းသိမ်း ကာကွယ်နိုင်စေရန်နှင့် ဆင်နှင့်ဆင်အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် ပြည်သူလူထုသိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီ ဆောင်ရွက် လာစေရန်၊ ဆင်များသည် ဂေဟစနစ်အား ဟန်ချက်မျှစေသည့် ကဏ္ဍတွင်အရေးပါသည်ကို ဆင်ချစ် သူများနှင့်အများပြည်သူလူထုသိရှိစေရန် ရည်ရွယ်ဖွင့်လှစ်ပြသ ထားခြင်းဖြစ်ကြောင်း ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ကရှင်းပြသည်။
ပလင်းကမ်းသာယာဆင်ပြတိုက်ထဲတွင် ပလင်းကမ်းသာယာဆင်စခန်းဝင်းတွင်းရှိ ဆင်ပြတိုက်ထဲတွင် အောက်ဖော်ပြပါ ဆင်များနှင့်ပတ် သက်သည်ကို ကဏ္ဍစုံစွာဖော်ပြထားလျက်ရှိ ဆင်အကြောင်း သမိုင်း၊ အာရှဆင်များ၏ နေထိုင်ကျက်စားမှု ၊မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များနေထိုင် ကျက်စားမှု/ မြန်မာနိုင်ငံတွင် ဆင်များနေထိုင်ကျက်စားမှု၊ အာရှဆင်နှင့်အာဖရိကဆင်တို့၏ခြားနားချက်၊ ဆင်များ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၊ ဆင်စွယ်အကြောင်းသိကောင်းစရာနှင့် မြန်မာနိုင်ငံတွင် ဆင်စွယ်အမျိုးအစားခွဲခြားထားမှုများ၊ မြန်မာ့သမိုင်းတွင်ဆင်များ၏အရေးပါမှု၊ မြန်မာနိုင်ငံမှ ဆင်ဖြူတော်များ၊ မြန်မာနိုင်ငံမှတောဆင်များ ဆင်စွယ်နှင့်ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် သတ်ဖြတ်ခံနေရသည့် အန္တရာယ်နှင့်ကြုံတွေ့နေရသည့်နေရာပြကွက်များ၊ တောဆင်ရိုင်များကိုတ ရားမဝင်သတ်ဖြတ်၍ ဆင်နှင့်ပတ်သတ်၍ ဆင်နှင့်ပါတ်သတ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ကမ္ဘာတွင်တရားမဝင် ဈေးကွက်ဖြစ်ပေါ်ရောင်းချနေကြပုံနှင့်ထိုသို့ပြုမူသော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်မှုများ၊ နိုင်ငံတော်အစိုးရအနေဖြင့် တောဆင်ရိုင်းများကာကွယ်ရေးနှင့် ဆင်နှင့်လူပဋိပက္ခများ ဖြေရှင်းရေး အတွက်ဆောင်ရွက်နေသည့်လုပ်ငန်းပြကွက်များ၊ ကမ္ဘာ့ဆင်များနေ့အကြောင်းသိကောင်းစရာ၊ မြန်မာ့သစ်လုပ်ငန်း၏အရေးပေါ်တောဆင်မောင်းအဖွဲ့ ဆောင်ရွက်နေမှုများ၊ မြန်မာ့သစ်လုပ်ငန်း၏ ဆင်များကို စနစ်တကျ ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်နေမှုများ၊ ဆင်များ၏ အလေ့အထ၊သဘောသဘာဝ၊ အမူအကျင့်နှင့်ဇီဝကမ္မဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းပိုင်ဆင်များ၏ အသက် အရွယ်နှင့်အလုပ်လုပ်နိုင်စွမ်းအားကို မူတည်၍အတန်းအစားခွဲခြားထားခြင်း၊ ဆင်ဦးစီးများ ဆင်ကိုထိန်းချုပ်နိုင်သည့် အာရုံကြောနေရာများ၊ မှိန်းသင်ကြားခြင်းဆိုင် ရာအချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းမှဆင်အမွှာပူးမွေးခဲ့သည့်မှတ်တမ်း၊ မြန်မာနိုင်ငံတွင် ဆင်ဦးစီးများ အသုံးပြုသည့် အမိန့်ပေးသံများ(စကားလုံး)များ၊လေ့လာနိုင်မည်ဖြစ်ကြောင်း ဆင်စခန်းတာဝန်ရှိ သူများကရှင်းပြထားပါတယ်။
ပလင်းကမ်းသာယာဆင်ပြတိုက်တွင် ဆင်များကိုထိန်းချုပ်ခိုင်းစေရာတွင် အသုံးပြုသည့် ပစ္စည်း ကိရိယာတန်ဆာပလာများ၊ တောတွင်းဆင်ဝန်ထမ်းများနေထိုင်သည့် ဆင်ဝိုင်းပုံစံငယ်အိမ် အိမ်များ၊ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့လက်ထက်က အသုံးပြုခဲ့သည့်ဆင်မှတ်ပုံတင်စာအုပ်၊ဆင်တစ် ကောင်ချင်းစီအတွက် အသေးစိတ်အချက်အလက်များရေသွင်းထားသည့် စာအုပ်ပုံစံ(ည)၊ သစ်ထုတ် ရေးဌာန၏ ဌာနဆိုင်ရာ ညွှန်ကြားလွှာ၊အမှုထမ်းများလိုက်နာရန် အမိန့်လက်စွဲစာအုပ်များ၊ အမျိုးအစားမတူသည့် ဆင်စွယ်လေးစုံ၊ ဆင်သားရေ ၊ဆင်စွယ်ဖြတ်စ၊ဆင်မြှီးများ၊ အသက်(၅၆)နှစ်အရွယ်တွင် သေဆုံးခဲ့သည့် ဆင်တစ်ကောင်လုံး၏အရိုးစုပြခန်း၊ မြန်မာ့သစ်လုပ်ငန်းမှဆင်ဦးစီးယူနီ ဖောင်း ဝတ်စုံ၊ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်နေမှုများ ၊ဆင်ဦးစီးများ၏ တော တွင်းနေထိုင်မှု ဘဝစသည့် ဗွီဒီဖိုင်များပြသထားသည့် တီဗီထားရှိပြသပေးထားကြောင်းလည်းသိ ရသည်။
ဆင်စခန်းဝင်ကြေးအဖြစ်တစ်ထောင်ကျပ်၊ဆင်စာတစ်ဗန်းတစ်ထောင်ကျပ်၊ ဆင်စီးခ ပြည်တွင်း ငါးထောင်ကျပ်နှင့်ပြည်ပ တစ်သောင်းကျပ်တို့အား ဆင်စခန်းဝင်ကြေးကောက်ခံကာ ဆင်ပြ တိုက်အားအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်အောင်စီစဉ်ထားကြောင်းသိရသည်။ ပလင်းကမ်းသာယာဆင်စခန်း ဧရာဝတီမြစ် ဘက်အထွက် လေညှင်းခံတံတားတည်ဆောက်နေရာ လျှောက်လမ်းအရှည် (၁၁၀)ပေ၊ တံတားပေါ် တွင် ဆဌဂံအဆောင် (၂၄ ပေ ၃၀ပေ) တစ်ဆောင်ပါဝင်ကာ တံတားစုစုပေါင်းအရှည် (၁၃၀)ပေ၊ တံတားလျှောက်လမ်းခန်းပွင့် အကျယ် (၈)ပေ၊ ဆဋ္ဌဂံဆောင်အခန်းဖွင့်အကျယ်(၆)ပေ၊ တံတားတိုင်ပေါင်း(၈၃)လုံး(ကျွန်း)တိုင်များဖြင့် တည်ဆောက်ပြီးဆင်ပြတိုက်နှင့်အတူဖွင့်လှစ်ထားရှိလျက်ရှိကာ ဆင်စခန်းတွင် စွယ်စုံ ဆင်ထီး(၂) ကောင်နှင့် ဆင်မ(၄)ကောင် စုစုပေါင်း(၆)နှစ်ကောင်ရှိပြီး ဆင်စခန်းရှိ လေဘယ်အညွှန်း လမ်းညွှန် များအားလုံး မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့်ရေးသားထားကြောင်းသိရသည်။
ဒီပါလင်း