သနပ်ပင် ဖေဖော်ဝါရီ ၉
၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလွန်ကျောင်း (ကော့ပြတ်) ကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်း စာစောင်ကို ဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ၊အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂-၂-၂၀၂၂ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းစသည်တို့ ပါဝင်ကြောင်း သိရသည်။
လှမိုး (ပြန်/ ဆက်)