အောင်လံ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြပွဲများ ပြသခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ အထိမ်းအမှတ်နေ့အသီးသီး၏ သမိုင်းအားသိရှိစေခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုများရရှိ စေရန်ရည်ရွယ်၍ သုတရသစာအုပ်များပြသခဲ့ပြီး အသိပညာဗဟုသုတကြွယ်ဝဖို့ စာကြည့်တိုက်ကိုသွားကြစို့၊ သဘာဝဘေးအန္တရာယ် အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ ဆိုးကျိုးများ စသည့်အချက်များပါဝင်သည့် နံရံကပ်စာ စောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။
ထို့နောက် ပြပွဲသို့တက်ရောက်လာသော အမက-၂ (တရော်ကုန်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)