လဲချားတွင်၂၀၂၃ ပညာသင်နှစ် Grade (5)/ Grade(9) စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

လဲချား ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ် စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြမြစန်းမှ ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမကြီးများမှ (Grade-5) ၊ (Grade-9) ဖြေဆိုမည့် စာဖြေများနှင့်စည်းကမ်းချက်များနှင့်ပက်သက်၍ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)