အခြေခံပညာအထက်တန်း (သာပေါင်း)ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုပေးပွဲအခမ်းအနား

သာပေါင်း ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)တွင် (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုပေးပွဲ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးမှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ပြည်ထောင်စုစိတ်ဓာတ် အရေးကြီးပုံ၊ ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသားအားလုံးတွင်ရှိရ မည့် အရေးကြီးဆုံး စိတ်ဓာတ်ပင်ဖြစ်ကြောင်း ဟောပြောပြီး အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကဗျာပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်