ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်ပိုစတာပြပွဲ၊ သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကြက်ခြေတပ်ဖွဲ့နှင့် မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက မျိုးဆက်သစ်လူငယ်လေးများ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေးများဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးက အသိပညာပေးများဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးများ ဆောင်ရွက်ပေးသည့်တာဝန်ရှိသူများအား ကျေးဇူတင်စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က လူငယ်နှင့်စာရိတ္တအကြောင်းနှင့် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးဟောပြောသည်။ ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်နေလင်းက စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာအသိပညာများ၊ မြို့နယ်ကြက်ခြေတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာများ ဟောပြောဆောင်ရွက်ခဲ့ကြသည်။ ထို့နောက်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီး၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြသထားသည့် နံရံကပ်ပိုစတာနှင့် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပိုစတာများကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)