ဟုမ္မလင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ဟုမ္မလင်း ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှရရှိသော စာပေ၏ အကျိုးကျေးဇူး အကြောင်းများ သိရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၁၁)နာရီက ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ အ.လ.ကကျောင်းတွင် အသိပညာပေး ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ
သည်။
ရှေးဦးစွာ ခေါင်ခမ်းကျေးရွာ (အ.လ.က) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဧဆက်က
  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့ ဖြစ်ကြောင်း၊ မြန်မာ့လွတ်လပ်ရေး​ကြိုးပမ်းမှုသမိုင်းတွင် အရေးပါအရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်  မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများအနေဖြင့် အစဉ်အမြဲ အောက်မေ့စေရန် လိုပါကြောင်းနှင့် စာဖတ်ခြင်းကပေးတဲ့ အကျိုးများကိုလည်းကောင်း ဗဟုသုတရရှိစေရန် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဖြစ်စဉ် အကြောင်းအရာများနှင့် ကဗျာ၊ ကာတွန်း၊ ပိုစတာများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခြင်းစာပေ၏ အကျိုးကျေးဇူးအကြောင်း သိရှိစေရန် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခြင်း၊ စာအုပ်များငှားရမ်းပေးခြင်းနှင့် ကျောင်းသား/သူ များအား သတင်းစကား လက်ကမ်းစာစောင်များ ​ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)