ငါ့သရောက် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့(အ.ထ.က)ကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်းထမ်းများက သွားရောက်ကာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် လက်ကမ်းစာစောင်ပါ အကြောင်းအရာများဖြစ်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀.၁.၁၉၄၆ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂. ၂. ၂၀၂၂ ရက်နေ့ (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခန်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ကဗျာဆရာ ဖိုလေးလုံးသောင်းကိုကို ရေဖွဲ့ထားသည့် စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ကဗျာ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ရည်ရွယ်ပြီး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
P.W.A(ပြန်/ဆက်)