သတင်းများ

ငပုတောမြို့ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့် စာကြည့်တိုက်နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာ ဦးစီးဌာနရှိ ကျောင်းများတွင် ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီအချိန်က အမှတ် (၃)အခြေခံပညာ မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့​ကြသည်။
ကလိန်အောင်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Feb 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ယနေ့နံနက်  ၁၁ နာရီက ကျင်းပသည်။
ကျောက်ကြီးမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက အောင်သုခရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း KG ခန်းမဆောင်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မချမ်းဘော့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Feb 09,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မြိတ်တက္ကသိုလ်တွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ World Wetlands Day အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Feb 09,2023
၂၀၂၃-ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မြိတ်တက္ကသိုလ်တွင် အဏ္ဏဝါသိပ္ပံဌာနနှင့် မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟဟနစ်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
မိုင်းစံမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်တတ်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က ပြသခဲ့ကြောင်းသိရသည်၊၊
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Feb 09,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများအား ယနေ့နံနက်၉နာရီခွဲကအမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း ကမ္ဘောဇဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။