(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများအား ယနေ့နံနက်၉နာရီခွဲကအမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း ကမ္ဘောဇဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသောင်းမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်မှ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ စသည်တို့ကို ဟောပြောရှင်းပြခဲ့ပြီး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများအားခင်းကျင်းပြသရာ ‌ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ တက်ရောက်လာကြသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများမှ(၇၆)နှစ်မြောက် ပြည်ထောင် စုနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲနှင့်ပြပွဲသို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှဆရာ၊ ဆရာမများ နှင့် ကျောင်းသားကျောင်းသူများစုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပြင်ဦးလွင်)