မိုင်းစံ ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်တတ်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်၊၊
အဆိုပါအသိပညာပေးလုပ်ငန်းတွင် မိုးသည်းထန်စွာရွာသွန်းနေချိန်တွင်အန္တရာယ်ရှိသော ဓာတ်ကြိုးများ၊ဓာတ်တိုင် သစ်ပင်သစ်ကိုင်းများ သတိပြုရှောင်ရှားသင့်ပုံ၊ မိမိတို့နေအိမ်များတွင် မီးချိတ်မီးကပ်တပ်ဆင်ထားသင့်ပုံ၊ သဲအိတ်များထားရှိပုံ၊ မီးလောင်နေစဉ်အတွင်း ကာကွယ်သင့်ပုံ၊ မြေငလျင်နှင့်ပတ်သတ်သည့် အသိပညာများ၊ မြေငလျင်မလှုပ်မီ၊ လှုပ်နေစဥ်နှင့်လှုပ်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များ၊ မြေငလျင်လှုပ်နေစဉ်ဆောင်ရွက်ရမည့် ဝပ်၊ ကာ၊ ကိုင်အတွက် လေ့ကျင့်ပုံ စသည့်သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များပြသရာ ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်၊၊
မိုင်းစံ(ပြန်/ဆက်)