သတင်းများ

ကုန်းကြမ်းမြို့ အ.မ.က(တာရှန်)တွင်အသက် (၅) နှစ်မှ (၁၂) နှစ်ထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Doses)ထိုးနှံပေး
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‌ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၆)ကျောင်းရှိ အသက်(၅)မှ(၁၂) နှစ်ထိ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသည့် 
ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Feb 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့မွန်းလွဲ (၁၂:၀၀)နာရီအချိန်ခန့်က အခြေခံပညာကျောင်းများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့ (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်ကို ယမန်‌‌နေ့လယ်(၂) နာရီအချိန်က ဒိုက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့ အ.ထ.က ၇ ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်း ကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၇) ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအခမဲ့ဖြန့်ဝေ
Feb 09,2023
ဖေဖော်ဝါရီ  ၁၂ ရက်နေ့တွင် ကျရောက်မည့်  ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ အ.ထ.က (တာချီလိတ်) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူလေးများအား ယနေ့ နံနက် ၁၀ နာရီအချိန်က
ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျပန်း/ စကားရည်လု/ စကားဝိုင်းဆွေးနွေးပွဲ (အင်္ဂလိပ်စာစွမ်းရည်)ပြိုင်ပွဲ ကျင်းပ
Feb 09,2023
ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မေဂျာပေါင်းစုံ ကျပန်း/စကားရည်လု/ စကားဝိုင်းဆွေးနွေးပွဲ(အင်္ဂလိပ်စာစွမ်းရည်)ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးတက္ကသိုလ်စုဝေးခန်းမ၌ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့သည်။
သံတွဲခရိုင်ငပလီ​မြို့​ ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံး၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Feb 09,2023
ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နေ့လယ် (၁ )နာရီက ​​ပြန်​ကြား​​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးရုံးငပလီရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Feb 09,2023
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် လူတိုင်းပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့ အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။