မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မိုင်းရယ် ဖေဖော်ဝါရီ ၉

မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် လူတိုင်းပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့ အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။

အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း၊ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိသွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်း(၁၂၀၀)ကို စနစ်တကျ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)