တာချီလိတ် ဖေဖော်ဝါရီ ၉
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ အ.ထ.က (တာချီလိတ်) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူလေးများအား ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် တွဲလက်ခိုင်ကျည် ပေါင်းစုညီတို့ညီနောင်ထု ပြည်ထောင်စု၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ (၁၂-၂-၂၀၂၂) ရက်နေ့ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တိုင်ရင်းသားများစည်းလုံးအားဖြင့်လက်တွဲမပျက် ရှေ့သို့ဆက်၊ ဆရာဖိုးလေးလုံးသောင်းကိုကို၏ စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့ ကဗျာ၊ (၂၀-၁-၁၉၄၆) ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့ တို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဉ်သွေးစည်း ညီညွတ်ကြပါစို့၊ ညီညွတ်ခြင်းသည်စွမ်းအင် စည်းလုံးခြင်းသည်ခွန်အားပြည်ထောင်စု၏ နှလုံးသား ဆောင်ပုဒ်များ စသည့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်သိမှတ်ဖွယ်ရာ အကြောင်းအရာများပါရှိကြောင်း သိရသည်။အေးအေးလတ်