ကုန်းကြမ်းမြို့ အ.မ.က(တာရှန်)တွင်အသက် (၅) နှစ်မှ (၁၂) နှစ်ထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Doses)ထိုးနှံပေး

ကုန်းကြမ်း ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‌ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၆)ကျောင်းရှိ အသက်(၅)မှ(၁၂) နှစ်ထိ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသည့်  ကျောင်းသား‌၊ ကျောင်းသူများအား (အ-မ-က) တာရှန် ကျောင်းတွင်   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Doses)  အဖြစ် Myancopharm‌ဆေးထိုးနှံခြင်းကို  ယနေ့နံနက် (၁၀)နာရီအချိန်က  ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း (၅၁၁)ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သည့်အချက်အလက်စာရင်းများအား ဖြည့်သွင်းပြုစုမှတ်တမ်းတင်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊‌ သွေးပေါင်ချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေး ခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးပါက နာရီ၀က်စောင့်ဆိုင်းစေခြင်းများကို စနစ်တကျ ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကုန်းကြမ်းမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးအောင်သူလင်းနှင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ဆေးရုံမှကျန်းမာရေး ဆရာမများနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဥမ္မာကျော်(ပြန်/ဆက်)