ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကွန်ဟိန်း ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့မွန်းလွဲ (၁၂:၀၀)နာရီအချိန်ခန့်က အခြေခံပညာကျောင်းများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် စည်းလုံးညီညွတ်မှုမှ ထာဝရငြိမ်းချမ်းရေးဆီသို့၊  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂-၂-၂၀၂၂ရက်နေ့ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ​ကောက်နုတ်ချက်၊ စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့ ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက် စသည့်အကြောင်းအရာများ ပါဝင်သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)