ကွမ်းလုံ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ကွမ်းလုံမြို့နယ် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းပြခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက မိမိတို့ ကြိုက်နှစ်သက်ရာ ပန်းချီများကို ရေးဆွဲယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာစောင်စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)